back

ယူနန်ပြည်နယ်ရှိ WeChat ဂရုတွင် အမျိုးသမီးများ၏ အမည်၊ ဖုန်းနံပါတ်၊ လိပ်စာနှင့် နောက်ဆုံးဓမ္မတာလာသည့် ရက်စွဲများကို တောင်းဆို

Jan 05 • 3:24 PM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

ယူနန်ပြည်နယ်ရှိ WeChat ဂရုတွင် အမျိုးသမီးများ၏ အမည်၊ ဖုန်းနံပါတ်၊ လိပ်စာနှင့် နောက်ဆုံးဓမ္မတာလာသည့် ရက်စွဲများကို တောင်းဆို

ယူနန်ပြည်နယ်ရှိ ကျေးရွာတရွာ၏ WeChat ဂရုတွင် အမျိုးသမီးများ၏ အမည်၊ ဖုန်းနံပါတ်၊ လိပ်စာနှင့် နောက်ဆုံးဓမ္မတာလာသည့် ရက်စွဲများကို တင်ပြရန် သာမန်လုပ်ရိုးလုပ်စဉ်ပုံစ...

ယူနန်ပြည်နယ်ရှိ ကျေးရွာတရွာ၏ WeChat ဂရုတွင် အမျိုးသမီးများ၏ အမည်၊ ဖုန်းနံပါတ်၊ လိပ်စာနှင့် နောက်ဆုံးဓမ္မတာလာသည့် ရက်စွဲများကို တင်ပြရန် သာမန်လုပ်ရိုးလုပ်စဉ်ပုံစံမျိုးဖြင့် တောင်းဆိုလာမှုသည် နိုင်ငံတဝန်း အငြင်းပွားဖွယ်ရာ ကိစ္စတခု ဖြစ်လာခဲ့သည်။ လက်မထပ်ရသေးသူများနှင့် ကျောင်းသူများကိုပါ စာရင်းကောက်ခြင်းက အစိုးရ၏ "ကိုယ်ဝန်စစ်ဆေးခြင်း" ဆိုသည့် အကြောင်းပြချက်နှင့် ရှေ့နောက်မညီ ဖြစ်နေသည်။ ယင်းက "မည်သည့်အတွက် စစ်ဆေးသနည်း"၊ "မည်သူ့အတွက်နည်း" ဆိုသော စိတ်မသက်မသာဖြစ်ဖွယ် မေးခွန်းများကို ပေါ်ထွက်စေသည်။ ပြည်သူများ ကန့်ကွက်ကြခြင်းမှာ ဓမ္မတာအချက်အလက် ကောက်ယူခြင်းကြောင့်သာမဟုတ်ဘဲ အစိုးရအပေါ် ယုံကြည်မှု ကင်းမဲ့လာခြင်းကြောင့်လည်း ဖြစ်သည်။ တချိန်က ကလေးမွေးဖွားခြင်းကို အတင်းအကျပ် တားဆီးခဲ့သော အစိုးရသည် ယခုအခါ ကိုယ်ဝန်ရနိုင်မည့်အချိန်ကို အတိအကျ သိလိုနေပြန်သည်။



news-view-count-icon

3