ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုနှင့် ၎င်း၏ဇနီးအား ချက်ချင်းလွှတ်ပေးရန် အမေရိကန်နိုင်ငံကို တရုတ်နိုင်ငံက တိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၄ ရက်၌ ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံသည် ဇန်နဝါရီ ၃ ရက်က မာဒူရိုနှင့် ၎င်း၏ဇနီးအား ဖမ်းဆီးရန် တပ်ဖွဲ့များစေလွှတ်ပြီး ၎င်းတို့အား နိုင်ငံအတွင်းမှ ခေါ်ဆောင်သွားခဲ့သည်။ မာဒူရိုနှင့် ၎င်း၏ဇနီး၏ ကိုယ်ရေးကိုယ်တာလုံခြုံရေးအား သေချာစေရန်၊ ၎င်းတို့အား ချက်ချင်းလွှတ်ပေးရန်၊ ဗင်နီဇွဲလားအစိုးရကို ဖြုတ်ချခြင်းအား ရပ်တန့်ရန်နှင့် ဆွေးနွေးမှုနှင့် ညှိနှိုင်းမှုများမှတစ်ဆင့် ကိစ္စရပ်များအား ဖြေရှင်းရန် အမေရိကန်နိုင်ငံကို တရုတ်နိုင်ငံက တိုက်တွန်းလျက်ရှိသည်ဟု အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း သိရသည်။



