အလုပ်သမားဝန်ထမ်းများအနေဖြင့် လက်ရှိကာလတွင် ရရှိနေသည့် လစာဝင်ငွေပမာဏနည်းပါးမှုကြောင့် လစာဝင်ငွေပိုရသည့် တခြားအလုပ်များကို ပြောင်းရွှေ့လုပ်ကိုင်သူ ပိုမိုများပြားလာခြင်းဖြစ်ကြောင်းလည်း အလုပ်သမားအချို့ထံမှ သိရသည်။ ထိုကဲ့သို့ အလုပ်သမားဝန်ထမ်းများ မကြာခဏဆိုသလို အလုပ်ထွက်မှုများရှိလာခြင်းကြောင့် အလုပ်သမားများကို အနည်းဆုံးတစ်နှစ်အတွင်း အလုပ်မထွက်ရန်အတွက် အလုပ်သမားနှင့်အလုပ်ရှင် နှစ်ဦးဘောတူစာချုပ်များချုပ်ဆိုပြီးမှသာ အလုပ်ခန့်ခြင်းများ ပိုများလာခြင်းဖြစ်ကြောင်း ကုမ္ပဏီတစ်ခုမှ မန်နေဂျာတစ်ဦးက ပြောသည်။ အလုပ်ရှင်၊အလုပ်သမား နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆိုရာတွင် အလုပ်သမားဝန်ထမ်းဘက်မှ တစ်နှစ်အတွင်း အလုပ်မထွက်ပါဘူးဆိုသည့် ခံဝန်ကို သဘောတူလက်မှတ်ရေးထိုးရပြီး သဘောတူညီမှုကို ဖောက်ဖျက်ပါက အလုပ်သမားဝန်ထမ်းဘက်မှ သတ်မှတ်ငွေကြေးပမာဏကို ပေးလျော်ရခြင်းဖြစ်ကြောင်း သိရသည်။



