back

၂၀၂၅ ခုနှစ်တွင် အစ္စရေးနိုင်ငံ၏ ကားရောင်းအား၌ တရုတ် plug-in မော်ဒယ်က ထိပ်ဆုံးမှ ရပ်တည်

Jan 05 • 4:28 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

၂၀၂၅ ခုနှစ်တွင် အစ္စရေးနိုင်ငံ၏ ကားရောင်းအား၌ တရုတ် plug-in မော်ဒယ်က ထိပ်ဆုံးမှ ရပ်တည်

တရုတ်ကားကုမ္ပဏီ Chery မှ ထုတ်လုပ်သည့် plug-in ဟိုက်ဘရစ် compact crossover SUV ကား Jaecoo 7 သည် ၂၀၂၅ ခုနှစ်တွင် အစ္စရေးနိုင်ငံ၏ အရောင်းရဆုံး မော်တော်ယာဉ်အဖြစ် ပေ...

တရုတ်ကားကုမ္ပဏီ Chery မှ ထုတ်လုပ်သည့် plug-in ဟိုက်ဘရစ် compact crossover SUV ကား Jaecoo 7 သည် ၂၀၂၅ ခုနှစ်တွင် အစ္စရေးနိုင်ငံ၏ အရောင်းရဆုံး မော်တော်ယာဉ်အဖြစ် ပေါ်ထွက်လာခဲ့ကြောင်း အစ္စရေးမော်တော်ယာဉ်တင်သွင်းသူများအသင်းမှ ဇန်နဝါရီ ၂ ရက်က ထုတ်ပြန်ချက်သည့် အချက်အလက်များအရ သိရသည်။၂၀၂၅ ခုနှစ်တွင် အဆိုပါကားမော်ဒယ်၏ ရောင်းအားမှာ စုစုပေါင်း အစီးရေ ၁၃,၁၆၆ စီးဖြစ်ပြီး ဓာတ်ဆီ၊ ဟိုက်ဘရစ်နှင့် လျှပ်စစ်ကား မော်ဒယ်အားလုံး၏ ရောင်းအားများထက် ကျော်လွန်ခဲ့သည်။ ထို့အပြင် ဓာတ်ဆီသုံး Jaecoo 7 မှာ ထိုအလားတူကာလအတွင်း အစ္စရေးနိုင်ငံတွင် ရောင်းအား အစီးရေ ၂,၀၆၄ စီး မှတ်တမ်းတင်ခဲ့သည်။တောင်ကိုရီးယားနိုင်ငံထုတ် subcompact crossover SUV အမျိုးအစား ဟိုက်ဘရစ် Hyundai Kona က ၂၀၂၅ ခုနှစ်တွင် အစ္စရေးနိုင်ငံ၌ ၁၁,၇၆၁ စီး ရောင်းချခဲ့ရပြီး ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။

news-view-count-icon

21