back

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ရပ်ထားသော ခရီးသည်ယာဉ်အား ကုန်တင်ယာဉ်မှ ဝင်ရောက်တိုက်မိလို့ ယာဉ်မောင်း တစ်ဦး ဒဏ်ရာရ

Jan 05 • 3:14 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ရပ်ထားသော ခရီးသည်ယာဉ်အား ကုန်တင်ယာဉ်မှ ဝင်ရောက်တိုက်မိလို့ ယာဉ်မောင်း တစ်ဦး ဒဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၇၀/၅နှင့် ၇၀/၆ ကြားတွင် ယနေ့ ဇန်နဝါရီလ ၅ရက်နေ့ နံနက် ၀၅ နာရီ၃၀ မိနစ်အချိန်ခန့်တွင် ရပ်ထားသော ခရီးသည်ယာဉ်အား ကုန်တ...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၇၀/၅နှင့် ၇၀/၆ ကြားတွင် ယနေ့ ဇန်နဝါရီလ ၅ရက်နေ့ နံနက် ၀၅ နာရီ၃၀ မိနစ်အချိန်ခန့်တွင် ရပ်ထားသော ခရီးသည်ယာဉ်အား ကုန်တင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ပါသည်။ထို့ကြောင့် အုတ်ရှစ်ကုန်းအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် ကုန်တင်ယာဉ်မှ ယာဉ်မောင်း ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)အား သုခဝေစည်လူမှုကူညီရေးအသင်းယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။ ခရီးသည်တင်ယာဉ်မှ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါ။

news-view-count-icon

59