ရန်ကုန်၌ နေအိမ်များအတွင်း အသုံးပြုပြီးနောက် အမှိုက်အဖြစ်စွန့်ပစ်ကြလေ့ရှိသည့် ဗူးခွံ၊ပုလင်းခွံများကို သိမ်းဆည်းပြီး ပြန်လည်ရောင်းချသူ ပိုများလာကြောင်း စွန့်ပစ်အဟောင်းပစ္စည်းအဝယ်ဒိုင်ဖွင့်လှစ်ထားသူအချို့ထံမှ သိရသည်။ကုန်ဈေးနှုန်းများမြင့်တက်လာချိန် အထွေထွေကုန်ကျစရိတ်များလည်း မြင့်တက်လာခြင်းကြောင့် ဗူးခွံ၊ပုလင်းခွံ အပါအဝင် ပြန်ရောင်း၍ရသည့် အဟောင်းပစ္စည်းများကို ယခင်လို မစွန့်ပစ်တော့ဘဲ စုဆောင်းပြီး ပြန်ရောင်းခြင်း ဖြင့် မီးဖိုချောင်စရိတ်အတွက် အနည်းငယ် သုံးစွဲလာရကြောင်း အိမ်ရှင်မတစ်ဦးက ပြောပြသည်။ ထိုကဲ့သို့ နေအိမ်၌အသုံးပြုပြီးသော ဗူးခွံ၊ပုလင်းခွံများအပါအဝင် စွန့်ပစ်အဟောင်းပစ္စည်းများကို အဟောင်းဆိုင် များတွင် ပြန်လည်ရောင်းချရာတွင် ပီနံအိတ်တစ်လုံးစာကို သုံးထောင်မှ ငါးထောင်ဝန်းကျင်အထိ ပြန်ရကြောင်းလည်း သိရသည်။ 
Jan 04 • 8:05 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 36 | 0 | 0 | 0 |


