ကလော-ရွှေညောင်၊ ရွှေညောင်-ကလော ရှုခင်းကြည့် Sight Seeing ရထားခရီးစဉ်ကို အထူးရထားတွဲဆိုင်း ဖွဲ့ဆင်ပြီး Package နဲ့ စင်းလုံးငှားရမ်းပြေးဆွဲပေးနေတယ်လို့ မြန်မာ့မီးရထားကသိရပါတယ်။အထူးရထားတွဲဆိုင်း ကို Package နဲ့စင်းလုံး ငှားရမ်းခမှာ ကလော - ရွှေညောင် အသွားအပြန်အဖြစ် လူတစ်ဦး ရိုးရိုးတန်းအတွက် ငွေကျပ် ၃၀,၀၀၀ နှုန်း၊ အထက်တန်းအတွက် ငွေကျပ် ၅၀,၀၀၀ နှုန်း စုစုပေါင်း ငွေကျပ် ၂,၇၀၀,၀၀၀ကျပ် ကျသင့်မှာဖြစ်ပါတယ်။အခုလို သတ်မှတ်နှုန်းထားနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ က စတင်ပြီး ပြေးဆွဲပေးနေတယ်လို့လည်း သိရပါတယ်။ပြေးဆွဲသည့်အထူးရထားမှာ မြင်းကောင်ရေ ၂၀၀၀ အား ဒီဇယ်စက်ခေါင်းနဲ့ ခရီးသည် ၄၀ ဦး လိုက်ပါစီးနင်းနိုင်တဲ့ ရိုးရိုးတန်းတစ်တွဲ၊ ခရီးသည် ၁၅ ဦးလိုက်ပါစီးနင်းနိုင်တဲ့ အထက်တန်း နှစ်တွဲနဲ့ ရထားထိန်းတွဲတစ်တွဲပါဝင်တယ်လို့သိရပါတယ်။



