back

ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်CI ထုတ်ပေးရေး လုပ်ငန်းစဉ် ကို ထပ်မံ ရက်တိုးဆောင်ရွက် ပေးသွားမယ်

Jan 03 • 8:29 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်CI ထုတ်ပေးရေး လုပ်ငန်းစဉ် ကို ထပ်မံ ရက်တိုးဆောင်ရွက် ပေးသွားမယ်

ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity - CI) ထုတ်ပေးရေး လုပ်ငန်းစဉ်ကို မူလသတ်မှတ်ရက်ထက်ရက်ထက် ထပ်မံရက်တိုးဆောင်ရွက်ပေးသွ...

ထိုင်းနိုင်ငံတွင် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity - CI) ထုတ်ပေးရေး လုပ်ငန်းစဉ်ကို မူလသတ်မှတ်ရက်ထက်ရက်ထက် ထပ်မံရက်တိုးဆောင်ရွက်ပေးသွားမယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန က ဇန်နဝါရီ ၃ ရက်မှာ အသိပေးပြောလာပါတယ်။ Cl သက်တမ်းတိုးပြုလုပ်ဖို့ 7-Eleven ဆိုင် တွေမှာ ငွေပေးသွင်းပြီးသူ တွေ ကျန်ရှိနေတဲ့အတွက် ထိုင်းနိုင်ငံ မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေ အလုပ် အကိုင်အခွင့်အလမ်း တွေ နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် လုပ်ငန်းဆောင်ရွက်မှုကာလကို နောက်ဆုံးအကြိမ်အဖြစ်ထပ်တိုးလိုက်ပါတယ်လို့ "အလုပ်သမားညွှန်ကြားရေးဦးစီးဌာန က ဆိုပါတယ်။လုပ်ငန်းဆောင်ရွက်မှုကာလကို နောက်ဆုံးအကြိမ်အဖြစ်၂ဝ၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်အထိ တိုးမြှင့်ဆောင်ရွက် ပေးသွားမှာဖြစ်ပြီး ၊အလုပ်သမား တွေ အနေနဲ့ သတ်မှတ်ကာလအမီ C၊ သက်တမ်းတိုး အမြန်ဆုံးသွားရောက်ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်သွားနိုင်တယ်လို့သိရပါတယ်။လုပ်ငန်းဆောင်ရွက်မှုကာလကို မူလက ဒီဇင်ဘာ ၂၁ ရက် ပြီးစီးမယ်လို့သတ်မှတ်ခဲ့ရာကနေ ၂ဝ၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်အထိ တိုးမြှင့်ဆောင်ရွက်ပေးခဲ့ပြီး ၊လက်ရှိမှာ နောက်ဆုံးအကြိမ်အဖြစ် ဇန်နဝါရီ ၁၆ ရက်အထိ ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံ မှာ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity - CI) ထုတ်ပေးရေးစခန်း ၄ ခုကို စမုစခွန်၊ စမုပရာကန်၊ ချင်းမိုင်၊ ဆူရတ်ဌာနီမြို့ တွေ နဲ့ Mobile Unit ၁ ခုကို ကရာဘီမြို့မှာ ဖွင့်လှစ်ဆောင်ရွက်ပေး‌ခဲ့တာဖြစ်ပါတယ်။



news-view-count-icon

21