back

ဂျီ-၂၀ ဖိတ်ကြား၍ စင်ကာပူဝန်ကြီးချုပ်က အမေရိကန်သမ္မတထရမ့်ကို ကျေးဇူးတင်စကားဆို

Jan 03 • 7:16 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

ဂျီ-၂၀ ဖိတ်ကြား၍ စင်ကာပူဝန်ကြီးချုပ်က အမေရိကန်သမ္မတထရမ့်ကို ကျေးဇူးတင်စကားဆို

စင်ကာပူနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ၂၀၂၆ ခုနှစ်တွင် ကျရောက်မည့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ်အချိန်ဖြစ်၍ ၎င်းတို့၏ မိတ်ဖက်ဆက်ဆံရေးကို ...

စင်ကာပူနှင့် အမေရိကန်ပြည်ထောင်စုတို့သည် ၂၀၂၆ ခုနှစ်တွင် ကျရောက်မည့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့် အထိမ်းအမှတ်အချိန်ဖြစ်၍ ၎င်းတို့၏ မိတ်ဖက်ဆက်ဆံရေးကို ထပ်လောင်းအတည်ပြုကာ နှစ်သစ်ကို စတင်လိုက်ကြောင်းသိရှိရသည်။စင်ကာပူဝန်ကြီးချုပ် လောရန့်စ် ဝေါင်းသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် သောကြာနေ့တွင် ဖုန်းဖြင့် ဆက်သွယ်စကားပြောဆိုခဲ့ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန (အမ်အက်ဖ်အေ) က သတင်းထုတ်ပြန်ခဲ့သည်။ဝန်ကြီးချုပ် လောရန့်စ် ဝေါင်းနဲ့ သမ္မတ ထရမ့်ပ်တို့ဟာ ၂၀၂၆ ခုနှစ်မှာ စင်ကာပူနဲ့ အမေရိကန်ပြည်ထောင်စုကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ခြင်း နှစ် ၆၀ ပြည့်မြောက်တဲ့အကြောင်းကို မှတ်တမ်းတင် ပြောကြားခဲ့ကြပါတယ်” ဟု ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။



news-view-count-icon

27