ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းကျေးရွာအနီးရှိ နမ့်အက်ချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရာနှုန်းပြည့်နီးပါးတည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။တမံအတွင်း ကန်ရေပြည့်အမှတ်အထက်သို လှောင်ထားပြီးဖြစ်ရာ တာဘိုင် Unit (1) နှင့် (2) လည်ပတ်၍ လျှပ်စစ်ဓာတ်အားများစတင်စမ်းသပ်ထုတ်လွှတ်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပြီး ရေဧကပေ (၃၅၀,၀၀၀) ခန့်သိုလှောင်နိုင်သည့် ကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်းအနေဖြင့် လျှပ်စစ်တပ်ဆင်ဓာတ်အား ၁၀ မဂ္ဂါဝပ် (၅ မဂ္ဂါဝပ် x ၂ လုံး) ဖြင့် နှစ်စဉ်လျှပ်စစ်စွမ်းအင် ၂၄ ကီလိုဝပ် နာရီသန်းပေါင်း ထုတ်လွှတ်နိုင်မည်ဖြစ်ပါတယ်။



