back

ချယ်လ်ဆီးအသင်း နည်းပြသစ်အဖြစ် လီယန် ရိုဆီနာကို ခန့်အပ်ရန် စထရာ့ဘာ့ဂ်နှင့် သဘောတူညီမှုရရှိ

Jan 03 • 3:42 AM

breaking-news

မြန်မာ

ပြည်ပ

cover

ချယ်လ်ဆီးအသင်း နည်းပြသစ်အဖြစ် လီယန် ရိုဆီနာကို ခန့်အပ်ရန် စထရာ့ဘာ့ဂ်နှင့် သဘောတူညီမှုရရှိ

ချယ်လ်ဆီးအသင်းဟာ နည်းပြသစ်အဖြစ် အင်္ဂလိပ်လူမျိုးနည်းပြ လီယန် ရိုဆီနာ (Liam Rosenior) ကို ခန့်အပ်နိုင်ရန် ပြင်သစ်ကလပ် စထရာ့ဘာ့ဂ် (Strasbourg) အသင်းနှင့် ဆွေးနွေး...

ချယ်လ်ဆီးအသင်းဟာ နည်းပြသစ်အဖြစ် အင်္ဂလိပ်လူမျိုးနည်းပြ လီယန် ရိုဆီနာ (Liam Rosenior) ကို ခန့်အပ်နိုင်ရန် ပြင်သစ်ကလပ် စထရာ့ဘာ့ဂ် (Strasbourg) အသင်းနှင့် ဆွေးနွေးမှုများ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။လက်ရှိမှာ အသက် (၄၁) နှစ်အရွယ်ရှိ ရိုဆီနာကို ခေါ်ယူရန်အတွက် ချယ်လ်ဆီးနှင့် စထရာ့ဘာ့ဂ် နှစ်သင်းကြား သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ကာ အပြီးသတ် ဆွေးနွေးမှုအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ ရိုဆီနာနှင့် ပုဂ္ဂိုလ်ရေး သဘောတူညီမှု (Personal Terms) ရရှိရန်လည်း အလွန်နီးစပ်နေပြီဖြစ်ကြောင်း သတင်းရင်းမြစ်များက ဖော်ပြကြပါတယ်။ချယ်လ်ဆီးနှင့် စထရာ့ဘာ့ဂ် နှစ်သင်းစလုံးကို ပိုင်ဆိုင်တဲ့ BlueCo ကုမ္ပဏီစုဟာ ရိုဆီနာရဲ့နေရာကိုအစားထိုးမယ့် နည်းပြသစ်တစ်ဦးကို လာမည့်အပတ်အတွင်း စတင်ရှာဖွေသွားရန် စီစဉ်ထားပါတယ်။


news-view-count-icon

31