back

ရန်ကုန်တိုင်းဒေသကြီးတွင်တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း အမျိုး ၃၀ဖမ်းမိခဲ့

Jan 03 • 2:09 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်တိုင်းဒေသကြီးတွင်တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း အမျိုး ၃၀ဖမ်းမိခဲ့

ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၃ ရက်နှင့် ၁...

ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၃ ရက်နှင့် ၁၁ ရက်တို့တွင် ကျောက်တန်းမြို့နယ် အနောက်ပိုင်းရပ်ကွက် အငူ ကူးတို့ဆိပ်၌ ရေယာဉ်တစ်စင်းပေါ်မှ တရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း အမျိုး ၃၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၉၁,၉၀၄,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် လိုင်စင်မဲ့ရေယာဉ်တစ်စင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀,၀၀၀,၀၀၀)ကို ပို့ကုန် သွင်းကုန်ဥပဒေအရလည်းကောင်း၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်နှင့် ခရမ်းမြို့နယ်တို့အတွင်း ၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင် အခြားသစ် ၁၂ ဒသမ ၂၂၉ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၉၃၄,၉၆၀) နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Mitsubishi Fuso Truck တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၀,၀၀၀,၀၀၀) ကို သစ်တောဥပဒေအရ လည်းကောင်း၊ ဒီဇင်ဘာ ၂၅ ရက်နှင့် ၂၉ ရက်တို့တွင် မြောက်ဥက္ကလာပမြို့နယ်နှင့် သန်လျင်မြို့နယ်တို့အတွင်း၌ လိုင်စင်မဲ့မော်တော်ယာဉ်နှစ်စီးနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်နှစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၂,၆၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၇,၄၃၈,၉၆၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

news-view-count-icon

14