back

စစ်ကိုင်းတိုင်းဒေသကြီးတွင်စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်နှစ်စီးဖမ်းမိခဲ့

Jan 03 • 1:58 AM

breaking-news

မြန်မာ

စစ်ကိုင်း

breaking-news
cover

စစ်ကိုင်းတိုင်းဒေသကြီးတွင်စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်နှစ်စီးဖမ်းမိခဲ့

စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်မှ ၂၇...

စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၂၄ ရက်မှ ၂၇ ရက်ထိ ကံတလူပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀,၀၀၀,၀၀၀)နှင့် မော်တော်ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း ခုနစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၄,၇၇၆,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ ဘုတလင်မြို့နယ်၌ မော်တော်ယာဉ်တစ်စီးပေါ်မှ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ (ချက်ဆီ) ဂါလန် ၁၈၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈,၀၀၀,၀၀၀)ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရလည်းကောင်း၊ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မော်တော်ယာဉ်သုံးစီးပေါ်မှ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ ဂါလန် ၁၉၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၉၀၀,၀၀၀) ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၈၃,၀၆၇၆,၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

news-view-count-icon

23