စင်ကာပူနိုင်ငံ၊ China Town MRT အနီးရှိ Hong Lim Market and Food Centre ၏ ဒုတိယထပ်တွင် ယနေ့ (ဇန်နဝါရီ ၂ ရက်) မွန်းလွဲပိုင်းက မီးဖိုချောင်လေစုပ်ပိုက် (Exhaust Ducting) အတွင်းရှိ ဆီဂျီးများမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေ့လယ်စာစားသုံးနေသူများ အလန့်တကြား ထွက်ပြေးခဲ့ရသည်။ စင်ကာပူအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ (SCDF) က ချက်ချင်းလာရောက်ငြှိမ်းသတ်ခဲ့သဖြင့် လူ ၄ ဦးကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိသော်လည်း မီးခိုးငွေ့နှင့် ရေဒဏ်ကြောင့် ဆိုင်ခန်းအချို့ ပျက်စီးမှုရှိခဲ့သည်။ လက်ရှိတွင် ဘေးကင်းလုံခြုံရေးအတွက် ဒုတိယထပ်ကို ခေတ္တပိတ်ထားကာ စစ်ဆေးမှုများပြုလုပ်နေပြီး မီးလောင်ကျွမ်းခဲ့သည့် လေစုပ်စနစ်များကို ပြန်လည်ပြုပြင်ရန်အတွက် ရက်အနည်းငယ်ကြာမြင့်နိုင်ကြောင်းနှင့် ဆိုင်ရှင်များအတွက် လိုအပ်သည့်ကူညီမှုများပေးရန် သက်ဆိုင်ရာဌာနများက ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။



