back

ဇန်နဝါရီလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ နိုင်ငံတကာ ကုန်သေတ္တာတင်သင်္ဘော (၆၃) စင်း ဝင်ရောက်ဆိုက်ကပ်မည်

Jan 03 • 1:24 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ဇန်နဝါရီလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ နိုင်ငံတကာ ကုန်သေတ္တာတင်သင်္ဘော (၆၃) စင်း ဝင်ရောက်ဆိုက်ကပ်မည်

ယခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ နိုင်ငံတကာကုန်သေတ္တာတင်သင်္ဘော စုစုပေါင်း (၆၃) စင်း ဝင်ရောက်ဆိုက်ကပ်ရန် လျာထားကြောင်း မ...

ယခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ နိုင်ငံတကာကုန်သေတ္တာတင်သင်္ဘော စုစုပေါင်း (၆၃) စင်း ဝင်ရောက်ဆိုက်ကပ်ရန် လျာထားကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။ ပင်လယ်ရေကြောင်းကုန်သွယ်မှု မြှင့်တင်ရန်အတွက် ရန်ကုန်ဆိပ်ကမ်းဧရိယာနှင့် သီလဝါဆိပ်ကမ်းဧရိယာရှိ ဆိပ်ကမ်းတံတားစုစုပေါင်း (၄၆) စင်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိရာ ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း သင်္ဘောအစင်းရေ (၇၃၁) စင်းအထိ ဝင်ရောက်ခဲ့ပြီး ယခင်နှစ်ထက် ကုန်သွယ်မှုယာဉ်ဝင်ရောက်မှု ပိုမိုမြင့်တက်လာခဲ့သည်။ လက်ရှိတွင် ပို့ကုန်/သွင်းကုန် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် သင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များ တိုးချဲ့ပြေးဆွဲရန် စီစဉ်နေပြီး ကုန်သွယ်မှုကဏ္ဍ အရှိန်အဟုန်မပျက်စေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

29