မအူပင်-ဆားမလောက်လမ်းတွင် ဆီဘောက်ဆာက ဟိုက်ဂျက်ယာဉ်ကို တိုက်မိပြီး အမျိုးသားနှစ်ဦး သေဆုံး

Jan 03 • 1:18 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

မအူပင်-ဆားမလောက်လမ်းတွင် ဆီဘောက်ဆာက ဟိုက်ဂျက်ယာဉ်ကို တိုက်မိပြီး အမျိုးသားနှစ်ဦး သေဆုံး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်-ဆားမလောက်လမ်းပေါ်ရှိ လယ်ကိုင်းကွေ့နှင့် ဝဲဒောင့်တံတားကြားတွင် ဇန်နဝါရီလ ၁ ရက် ညနေ ၆ နာရီဝန်းကျင်က ရန်ကုန်မှ မအူပင်သို့ မောင်းနှင်လာသ...

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်-ဆားမလောက်လမ်းပေါ်ရှိ လယ်ကိုင်းကွေ့နှင့် ဝဲဒောင့်တံတားကြားတွင် ဇန်နဝါရီလ ၁ ရက် ညနေ ၆ နာရီဝန်းကျင်က ရန်ကုန်မှ မအူပင်သို့ မောင်းနှင်လာသော ဟိုက်ဂျက်ယာဉ်ကို ဆီဘောက်ဆာယာဉ်တစ်စီးက အနောက်မှ ဝင်တိုက်မိပြီး မောင်းနှင်ထွက်ပြေးသွားသည့် မတော်တဆမှု ဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်မိမှုကြောင့် ဟိုက်ဂျက်ယာဉ်မှာ လမ်းဘေးသစ်ပင်အား ဝင်တိုက်ခဲ့သဖြင့် ယာဉ်ပေါ်ပါလာသူ အမျိုးသားနှစ်ဦး သေဆုံးကာ သံဃာတော်တစ်ပါး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အနှိုင်းမဲ့မေတ္တာလူမှုကူညီရေးအသင်းက ထိခိုက်သူများကို မအူပင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး လက်ရှိတွင် ထွက်ပြေးသွားသော ဆီဘောက်ဆာယာဉ်ကို ရှာဖွေစစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

21