ရှမ်းပြည်နယ်၊ ကလောမြို့ရှိ မောမြေဦးပန်းခြံတွင် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပထမအကြိမ် ပန်းပွဲတော်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နံနက်ပိုင်းမှ စတင်၍ ကျင်းပလျက်ရှိသည်။အဆိုပါပွဲတော်တွင် ပြည်တွင်းပြည်ပ ပန်းမျိုးစိတ်များ၊ သစ်ခွဥယျာဉ်နှင့် ပန်းအလှဆင်မြေယာရှုခင်းများကို ခင်းကျင်းပြသထားသည့်အပြင် လာရောက်လည်ပတ်သူများအတွက် စာကြည့်တိုက်၊ ဓာတ်ပုံရိုက်ကူးရန်နေရာများ၊ အားကစားကွင်းနှင့် ကလေးကစားကွင်းများကိုလည်း ထည့်သွင်းစီစဉ်ထားသည်။ ထို့ပြင် ဒေသထွက်အစားအစာ အရောင်းဆိုင်များလည်း ပါဝင်မည်ဖြစ်ပြီး ပွဲတော်ကို ဇန်နဝါရီလ ၁၅ ရက်နေ့အထိ ဝင်ကြေးအခမဲ့ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ကလောမြို့ မောမြေဦးပန်းခြံ၌ ပထမအကြိမ် ပန်းပွဲတော်ကို ဇန်နဝါရီ ၁၅ ရက်ထိ အခမဲ့ဝင်ရောက်လည်ပတ်နိုင်
Jan 02 • 6:37 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 18 | 0 | 0 | 0 |


