မြန်မာ့လက်ဖက်စိုကို ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသွင်းနိုင်ရန် လုပ်ဆောင်နေ

Jan 02 • 5:14 AM

breaking-news

မြန်မာ

ပြည်ပ

cover

မြန်မာ့လက်ဖက်စိုကို ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသွင်းနိုင်ရန် လုပ်ဆောင်နေ

မြန်မာ့လက်ဖက်စို (လက်ဖက်သုပ်) ယဉ်ကျေးမှုကို ယူနက်စကို (UNESCO) ၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းနိုင်ရန် သာသနာရေးနှင့် ယ...

မြန်မာ့လက်ဖက်စို (လက်ဖက်သုပ်) ယဉ်ကျေးမှုကို ယူနက်စကို (UNESCO) ၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းနိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံလက်ဖက်အသင်းနှင့် ပညာရှင်များ ပူးပေါင်းကာ လိုအပ်သည့် သတ်မှတ်ပုံစံ (ICH-02 Form) နှင့် အထောက်အထားဗီဒီယိုများ ပြုစုခြင်းကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်ကတည်းက ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ကွန်ဗင်းရှင်းတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီးဖြစ်ကာ ယခုတင်သွင်းမည့် လက်ဖက်စိုယဉ်ကျေးမှုမှာ အမျိုးသားအဆင့် စာရင်းဝင်ထားရမည်ဖြစ်သဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်၍ စနစ်တကျ ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

23