back

အမေရိကန် မြို့ တစ်ချို့ရှိ အမျိုးသားအစောင့်တပ်ဖွဲ့တွေကို ရုတ်သိမ်းမယ်လို့ ထရန့် ပြော

Jan 01 • 7:17 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန် မြို့ တစ်ချို့ရှိ အမျိုးသားအစောင့်တပ်ဖွဲ့တွေကို ရုတ်သိမ်းမယ်လို့ ထရန့် ပြော

ချီကာဂိုနဲ့ လော့စ်အိန်ဂျယ်လိစ်တို့အပါအဝင် အမေရိကန်ရဲ့ မြို့ တချို့မှာရှိတဲ့ အမျိုးသားအစောင့် တပ်ဖွဲ့တွေကို ပြန်ရုတ်သိမ်းတော့မှာဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ...

ချီကာဂိုနဲ့ လော့စ်အိန်ဂျယ်လိစ်တို့အပါအဝင် အမေရိကန်ရဲ့ မြို့ တချို့မှာရှိတဲ့ အမျိုးသားအစောင့် တပ်ဖွဲ့တွေကို ပြန်ရုတ်သိမ်းတော့မှာဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောလိုက်ပါတယ်။ရဲလုပ်ငန်းတွေအတွက် စစ်သားတွေ အသုံးပြုမှုနဲ့ပတ်သက်လို့ သူ့ရဲ့ လုပ်ပိုင်ခွင့်ကို ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း နိုင်ငံတော်တရားရုံးက လျှော့ချလိုက်ပြီးနောက် အခုလို ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ပိုအားကောင်းတဲ့ အများကြီး ခြားနားတဲ့ ပုံစံနဲ့ မိမိတို့ ပြန်လာမှာ ဖြစ်ကြောင်း၊ ရာဇဝတ်မှုတွေ တစ်ခါပြန် မြင့်တက်လာတော့မှာ ဖြစ်ကြောင်း ထရန့်က လူမှုမီဒီယာပေါ်မှာ နှစ်သစ်ကူး အကြိုနေ့က ရေးသားထား ပါတယ်။ဒီဇင်ဘာ ၃၀ ရက်က ထရန့်အစိုးရက လော့အိန်ဂျယ်လိစ်မြို့ရှိ အမျိုးသား အစောင့်တပ်ဖွဲ့ဝင်များ ဆက်လက် ထားရှိခွင့်ရရေး ဥပဒေအရ ကြိုးပမ်းမှုကို ရပ်ဆိုင်းခဲ့ပါတယ်။ဒေသတွင်း ဥပဒေ စည်းကြပ်ရေးအတွက် ချီကာဂိုမှာ ထရန့်အနေနဲ့ အမျိုးသားအစောင့်တပ်ဖွဲ့ကို သုံးစွဲပိုင်ခွင့် မရှိဘူးလို့ နိုင်ငံတော် တရားရုံးက ပြီးခဲ့တဲ့ သီတင်းပတ်က ဆုံးဖြတ်ထားပါတယ်။

ပေါ့ပ်လန်းနဲ့ အော်ရီဂွန်မှာလည်း အမျိုးသားအစောင့်တပ်ဖွဲ့ဝင်တွေ ချထားတော့မှာ မဟုတ်ဘူးလို့ ထရန့်က ပြောပေမယ့် တပ်ဖွဲ့ဝင်တွေ ကင်းလှည့်နေဆဲ ဖြစ်တဲ့ ဝါရှင်တန်ဒီစီနဲ့ပတ်သက်လို့ ဆုံးဖြတ်ထားတာ မတွေ့ရသေးပါဘူး။



news-view-count-icon

27