back

ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်က နှစ်သစ်ကူး မိန့်ခွန်းပြောကြား

Jan 01 • 6:30 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်က နှစ်သစ်ကူး မိန့်ခွန်းပြောကြား

ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် Maha Vajiralongkorn က December 31, 2025 ည ၈ နာရီအချိန်မှာ Dusit Palace ၊ Amphorn Sathan Residential Hall ကနေ ၂၀၂၆ ခုနှစ်အတွက် နှစ်သစ...

ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် Maha Vajiralongkorn က December 31, 2025 ည ၈ နာရီအချိန်မှာ Dusit Palace ၊ Amphorn Sathan Residential Hall ကနေ ၂၀၂၆ ခုနှစ်အတွက် နှစ်သစ်ကူး မိန့်ခွန်းပြောကြားပြီး ထိုင်းပြည်သူတွေကို ဆုမွန်ကောင်း တောင်းပေးခဲ့ပါတယ်။မိန့်ခွန်းထဲမှာ ဒီနှစ် October လတုန်းက Queen Sirikit The Queen Mother နတ်ရွာစံခဲ့ပြီးနောက် ပြည်သူတွေက လာရောက်ဂါရဝပြုကြတာကို မြင်တွေ့ရတဲ့အတွက် ဝမ်းနည်းကြည်နူးရကြောင်းနဲ့ အဲဒီ မေတ္တာတရားတွေကို အားအင်အဖြစ်မှတ်ယူပြီး တာဝန်တွေကို အစွမ်းကုန် ထမ်းဆောင်သွားမယ့်အကြောင်း ထည့်သွင်းပြောကြားထားပါတယ်။ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကမ္ဘာ့နေရာအနှံ့အပြားက မတည်ငြိမ်မှုတွေနဲ့ ပြင်းထန်တဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ပြည်သူတွေရဲ့ ဘဝနေထိုင်ရေးနဲ့ စိတ်ဓာတ်ရေးရာတွေအပေါ် ထိခိုက်မှုတွေ ရှိခဲ့တယ်လို့လည်း ဘုရင်ကြီးက သတိပေး ပြောဆိုပါတယ်မိတ်ဖက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ခိုင်မာအောင် တည်ဆောက်ဖို့နဲ့ ပြည်တွင်းမှာ ချစ်ခင်စည်းလုံးကြဖို့က အရေးကြီးဆုံး ကိစ္စရပ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံအကျိုးအတွက် မှန်ကန်တဲ့ ကိုယ်ကျင့်တရားနဲ့ မိမိတာဝန်တွေကို ညီညွတ်စွာ ပူးပေါင်းထမ်းဆောင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။နောက်ဆုံးမှာတော့ ပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းပြီး ပျော်ရွှင်အောင်မြင်ကြစေဖို့ ဆုတောင်းမေတ္တာ ပို့သပေးခဲ့သလို ဘုရင်မင်းမြတ် Maha Vajiralongkorn နဲ့ မိဖုရား တို့က ၂၀၂၆ ခုနှစ်အတွက် နှစ်သစ်ကူး ဆုတောင်းကတ်တွေကိုလည်း ထိုင်းပြည်သူတွေဆီ ပေးပို့ခဲ့ကြတယ်လို့ သိရပါတယ်။


news-view-count-icon

25