ဒီဇင်ဘာ၃၁ရက်နေ့ညနေကယှဉ်ပြိုင်ကစားခဲ့သည့် ရှမ်းယူနိုက်တက်အသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်၏ ၉၀ မိနစ်ကျော်ပြီးအချိန်ပို ၄ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှုး ကောင်းစည်သူသည် တစ်ဖက်ကစားသမားနှင့် ထိခိုက်မိပြီး ဒဏ်ရာရရှိခဲ့ပါသည်။ပွဲချိန်ပြီးနောက် အဆိုပါထိခိုက်မှုကြောင့် မူးဝေအော့အန်ခြင်းဖြစ်ပေါ်ခဲ့ပြီး ခွဲစိတ်ဆရာဝန်ကြီးနှင့်ပြသခဲ့ရာ CT ရိုက်ပြီး၂၄ နာရီစောင့်ကြည့်ရမည်ဖြစ်ပါသဖြင့် ဆေးရုံ ၁ ရက်တက်ရောက်ရမည်ဖြစ်ပါသည်။
ဆေးကုသမှုခံယူနေသည့် ကောင်းစည်သူအား ရန်ကုန်ယူနိုက်တက်အသင်း ဒုတိယဥက္ကဌ ဦးစိုင်းခင်မောင်အေးနှင့် အသင်းတာဝန်ရှိသူများ သွားရောက်ကြည့်ရှု့အားပေးခဲ့ကြပြီး လိုအပ်သည်များပံ့ပိုးကူညီပေးခဲ့ကြသည်။



