back

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင်ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ငွေကျပ် ၃၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်းကျော် ဖမ်းဆီးရမိ

Jan 01 • 1:17 AM

breaking-news

မြန်မာ

မကွေး

breaking-news
cover

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင်ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ငွေကျပ် ၃၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ သန်းကျော် ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီအချိန် သတင်းအရ မင်းဘူးမြို့၊ ကန်ရေကျေးရွာအနီးတွင...

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီအချိန် သတင်းအရ မင်းဘူးမြို့၊ ကန်ရေကျေးရွာအနီးတွင် အောင်ဇင်ဝင်း(ခ)ဖိုးခွား မောင်းနှင်ပြီး မောင်မောင်သန့် လိုက်ပါလာသည့် CANTER ၆ ဘီးယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉,၈၆၂ သန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၃၇ ဒသမ ၄,၆၅၅ ဘီလီယံ)အား ဖမ်းဆီးရမိခဲ့ပါသည်။ကွင်းဆက်ဖော်ထုတ်ချက်အရ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများအား စစ်ကိုင်းမြို့မှ မန္တလေးမြိုသို့သယ်ဆောင်၍ နေအိမ်၌သိုဝှက်ထိန်းသိမ်းထားရှိပြီး မန္တလေးမြို့မှ မင်းတုန်းမြို့သို့ တာဝန်ခံသယ်ဆောင်သည့် နေမျိုးအောင် နှင့် ၎င်း၏ဇနီး မညိုညိုသက် တို့ ၂ ဦးအား မကွေးမြို့၊ နတ်မောက်လမ်းရှိ ဟိုတယ်တွင် SUPER CUSTOM ယာဉ် ၁ စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်ရှိ ၎င်းတို့၏နေအိမ်မှ မူးယစ်ဆေးဝါး သယ်ဆောင်ရာတွင်အသုံးပြုသည့် HYUNDAI STAREX ယာဉ် ၁ စီးအား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိစိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူမှာ စစ်ကိုင်းမြို့နယ်၊ ဆည်လေးကျေးရွာနေ မင်းမင်း(ဖမ်းဆီးရန်ကျန်)ဖြစ်ပြီး စစ်ကိုင်းမြို့နယ်မှ မင်းတုန်းမြို့သို့လည်းကောင်း၊ မင်းတုန်းမြို့မှတစ်ဆင့် ရခိုင်ပြည်နယ်သို့လည်းကောင်း ဆက်လက်သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြပါတယ်။


news-view-count-icon

27