နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရန်အောင် (၂)၊ ရန်နိုင်ရပ်ကွက်မှာ ဒီကနေ့ ဒီဇင်ဘာ ၃၁ ရက်၊ ညနေ ၆ နာရီ ၅၅ မိနစ်မှ စတင်ကာ မီးလောင်မှု ဖြစ်ပွားနေတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သိရပါတယ်။အဲဒီ မီးလောင်မှုကို ည ၇ နာရီ မိနစ် ၂၀ ဝန်းကျင်မှာ Level 2 ယာဉ်အုပ်စု ထွက်ခွာ မီးငြှိမ်းသတ်လျက်ရှိတယ်လို့ သိရပါတယ်။နောက်ဆုံးရတဲ့ သတင်းအရ အိမ်ခြေ ၃၀ လောက် ဆုံးရှုံးထားတယ်လို့သိရပါတယ်။



