back

နှစ်သစ်ကူးရုံးပိတ်ရက် အထူးရထား တွေပြေးဆွဲပေးသွားမယ်

Dec 31 • 4:26 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

နှစ်သစ်ကူးရုံးပိတ်ရက် အထူးရထား တွေပြေးဆွဲပေးသွားမယ်

အထူးရထားခရီးစဉ်တွေအနေနဲ့ ရန်ကုန် - နေပြည်တော် ခရီးစဉ်နဲ့ ရန်ကုန် - မော်လမြိုင် ခရီးစဉ်တွေကိုပြေးဆွဲ‌ ပသွားမှာဖြစ်ပါတယ်။ရန်ကုန် - နေပြည်တော် ခရီးစဉ်ကို ၂၀၂၆ ခုနှ...

အထူးရထားခရီးစဉ်တွေအနေနဲ့ ရန်ကုန် - နေပြည်တော် ခရီးစဉ်နဲ့ ရန်ကုန် - မော်လမြိုင် ခရီးစဉ်တွေကိုပြေးဆွဲ‌ ပသွားမှာဖြစ်ပါတယ်။ရန်ကုန် - နေပြည်တော် ခရီးစဉ်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက် မနက် ၆ နာရီ ၃၀ မှာ ( DEMU Express Train ) ကိုလည်းကောင်း ၊ရန်ကုန် - မော်လမြိုင် ခရီးစဉ် ကို ၂၀၂၆ ခုနှစ် ၊ဇန်နဝါရီ ၁ ရက် မနက် ၉ နာရီ ၁၅ မှာ လေအိတ်အမြန်ရထား အသီးသီးတိုးချဲ့ပြေးဆွဲပေးသွားမယ်လို့သိရပါတယ်။အခုလိုပြေးဆွဲရာမှာလည်းလက်မှတ်ခနှုန်းထား နဲ့ ခရီးစဉ်ဘူတာတွေကို မပြောင်းလဲဘဲ ပြေးဆွဲပေးနေတာဖြစ်တယ်လို့လည်းသိရပါတယ်။ရထားစီးခရီးသွားပြည်သူတွေအနေနဲ့လက်မှတ်တွေကို တယ်လီဖုန်း နဲ့ကြိုတင်မှာယူပြီး MMQR စနစ်နဲ့ အွန်လိုင်း ကနေ ငွေပေးချေပြီးလည်းကောင်း၊ သက်ဆိုင်ရာဘူတာတွေမှာ အထက်တန်းလက်မှတ်တွေ သုံးရက်နဲ့ရိုးရိုးတန်း လက်မှတ်ကို တစ်ရက်ကြိုတင်ပြီးလည်းကောင်း ဝယ်ယူသွားနိုင်မယ်လို့သိရှိရပါတယ်။



news-view-count-icon

28