ကမ္ဘာကျော် Tomorrowland ပွဲတော်ကြီးကို ထိုင်းနိုင်ငံမှာ ကျင်းပနိုင်ဖို့အတွက် VR One World (Thailand) ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အထောက်အပံ့တွေ ပေးအပ်ဖို့ ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (BOI) က အတည်ပြုလိုက်ပါတယ်။ ဒီပွဲတော်ကို ၅ နှစ်တာ ကျင်းပသွားမှာဖြစ်ပြီး စီးပွားရေးတန်ဖိုး ဘတ် ၂၁ ဘီလီယံအထိ ရရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ "Tomorrowland Thailand" အမည်နဲ့ ကျင်းပမယ့် ဒီပွဲတော်ကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာလမှာ Chonburi ရှိ Wisdom Valley မှာ ပထမဆုံးအကြိမ် စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပွဲတော်ကို ၃ ရက်ကြာ ကျင်းပမှာဖြစ်ပြီး တစ်ရက်ကို လူဦးရေ ၅၀,၀၀၀ အထိ ဝင်ဆံ့မှာဖြစ်သလို လာရောက်သူတွေရဲ့ ၆၀% ကျော်က နိုင်ငံခြားသားတွေ ဖြစ်လာမယ်လို့ မျှော်လင့်ထားကြပါသည်။



