အိမ်အရောက်ပို့စနစ်ဖြင့် ပေါင်းဆန် ရောင်းချနိုင်ရန် စီစဉ်

Dec 31 • 2:39 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

အိမ်အရောက်ပို့စနစ်ဖြင့် ပေါင်းဆန် ရောင်းချနိုင်ရန် စီစဉ်

မြန်မာ့ပေါင်းဆန်ကို ဥရောပဈေးကွက်ကို အများဆုံးတင်ပို့နေပြီး ပြည်တွင်းမှာပါ ပိုမိုဖြန့်ဖြူးနိုင်ဖို့အတွက် အိမ် အရောက်ပို့စနစ် ဒါမှမဟုတ် လက်လီဆန် အရောင်းဆိုင်တွေကိ...

မြန်မာ့ပေါင်းဆန်ကို ဥရောပဈေးကွက်ကို အများဆုံးတင်ပို့နေပြီး ပြည်တွင်းမှာပါ ပိုမိုဖြန့်ဖြူးနိုင်ဖို့အတွက် အိမ် အရောက်ပို့စနစ် ဒါမှမဟုတ် လက်လီဆန် အရောင်းဆိုင်တွေကို ဖြန့်ဖြူးရောင်းချနိုင်ဖို့ကြိုးပမ်း ဆောင်ရွက်သွား မယ်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပြောပါတယ်။ကျန်းမာရေး အထောက်အကူပြုဆန်တွေဖြစ်တဲ့ ပေါင်းဆန်၊ ဆန်လုံးညိုနဲ့ အားဖြည့်ဆန်တွေဟာ ပြည်တွင်းဈေး ကွက်မှာ ဝယ်လိုအားနည်းတာကြောင့် ပြည်ပဈေးကွက် တစ်ခုတည်းကို မှီခိုမနေဘဲ ပြည်တွင်းမှာပါ စားသုံးသူတွေ ပိုမို စားသုံးလာအောင် ဈေးကွက်ပိုမို ချဲ့ထွင်ဖို့လိုအပ်တယ်လို့ ဆန်ဈေးကွက်အသိုင်းအဝိုင်းက ဆိုပါတယ်။





news-view-count-icon

18