MAI လေယာဉ်ခရီးစဉ်များအတွက် Hand Carry စည်းမျဉ်းစည်းကမ်းများ ပြောင်းလဲထား

Dec 31 • 6:47 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

MAI လေယာဉ်ခရီးစဉ်များအတွက် Hand Carry စည်းမျဉ်းစည်းကမ်းများ ပြောင်းလဲထား

Myanmar Airways International (MAI) လေယာဉ်ခရီးစဉ်များအတွက် Hand Carry ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ပြောင်းလဲထားကာ အဆင်ပြေချောမွေ့ပြီး လုံခြုံစိတ်ချရသော ခရီးစဉ...

Myanmar Airways International (MAI) လေယာဉ်ခရီးစဉ်များအတွက် Hand Carry ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ပြောင်းလဲထားကာ အဆင်ပြေချောမွေ့ပြီး လုံခြုံစိတ်ချရသော ခရီးစဉ်များအတွက် အခုလို စီစဉ်ရခြင်းဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများကို လိုက်နာပေးပါရန် MAI မှ အကြံပြုထားပါတယ်။MAI ရဲ့ တရားဝင်ထုတ်ပြန်ထားချက်အရ Economy Class တွင် အရွယ်အစား (56 × 22 × 36 cm) ထက်မပိုသော Hand Carry နှင့် အရွယ်အစား (20 × 10 × 30 cm) ထက်မပိုသော ကိုယ်ပိုင်အသုံးအဆောင်များအတွက် စုစုပေါင်း အလေးချိန် 7KG အထိသာ သယ်ဆောင်ခွင့် ရှိမှာဖြစ်တယ်လို့ သိရပါတယ်။ Business Class တွင် အရွယ်အစား (56 × 22 × 36 cm) ထက်မပိုသော Hand Carry (၂) အိတ် (တစ်အိတ်လျှင် အများဆုံး 7KG) နှင့် အရွယ်အစား (20 × 10 × 30 cm) ထက်မပိုသော ကိုယ်ပိုင်အသုံးအဆောင်များအတွက် စုစုပေါင်း အလေးချိန် 14KG အထိသာ သယ်ဆောင်ခွင့်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။Hand Carry စည်းမျဉ်း ပြောင်းထားခြင်းနှင့် ပတ်သက်၍ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်ကတည်းက Hand Carry အတွက် လေယာဉ်ပေါ်ပါသွားတဲ့ ပစ္စည်းအကုန်လုံး 7KG သာခွင့်ပြုထားပြီး လေယာဉ်ပေါ်ကို သယ်ယူသွားတာမှန်သမျှကို ထည့်ချိန်မယ်လို့လည်း MAI Customer Service မှ သိရပါတယ်။အထက်ပါစည်းမျဉ်းစည်းကမ်းများအရ Duty Free Items, Laptop Bag, Handbag သို့မဟုတ် Small Bag စသည်တို့ကိုလည်း သတ်မှတ်ထားသော Hand Carry အလေးချိန်အတွင်း တွက်ယူမှာဖြစ်ပြီး ခရီးသည်များ အနေဖြင့် မိမိတို့ခရီးစဥ်အတွက် Extra baggage များထပ်မံဝယ်ယူလိုပါက Check-in Counter တွင်လည်း အလွယ်တကူ ဝယ်ယူရရှိနိုင်တယ်လို့လည်း သိရပါတယ်။

news-view-count-icon

37