ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ BTS လျှပ်စစ်ရထားလိုင်းတွင် အသုံးပြုနေသည့် Rabbit Card များသည် ယနေ့တွင် မြန်မာနိုင်ငံသားဖြစ်မှုကြောင့်ဟုဆိုကာ အသုံးပြု၍မရဘဲ ပိတ်သိမ်းခံရသည့် ဖြစ်စဉ်များ ရှိနေကြောင်း လူမှုကွန်ရက်ပေါ်ရှိ သတင်းအချက်အလက်များအရ သိရသည်။ အဆိုပါဖြစ်စဉ်တွင် အသုံးပြုသူတစ်ဦးသည် နံနက်ပိုင်းက ပုံမှန်အတိုင်းစီးနင်းနိုင်ခဲ့သော်လည်း အပြန်ခရီးတွင် ကတ်ပိတ်ခံထားရသဖြင့် ဘူတာအတွင်းမှ ထွက်ခွာ၍မရဘဲ အခက်အခဲဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ BTS တာဝန်ရှိသူများက သက်ဆိုင်ရာဖောင်များ ဖြည့်စွက်ခိုင်းပြီးနောက် ၎င်း Rabbit Card ကို ပြန်လည်သိမ်းဆည်းသွားခဲ့ကာ ကတ်အတွင်းရှိ လက်ကျန်ငွေများကို ပြန်လည်အမ်းပေးမည်ဟု ပြောကြားခဲ့သော်လည်း လက်ငင်းပြန်လည်ရရှိခဲ့ခြင်း မရှိကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံ BTS ရထားလိုင်းတွင် မြန်မာနိုင်ငံသားအချို့၏ Rabbit Card များ အသုံးပြု၍မရဘဲ ပိတ်သိမ်းခံရမှုများ ရှိနေ
Dec 31 • 5:46 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 50 | 0 | 0 | 0 |


