ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာ YBS ယာဉ်လိုင်း(၇)လိုင်းမှ ယာဉ်စီးခ အခမဲ့ဖြင့်ပြေးဆွဲမည်

Dec 31 • 5:02 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာ YBS ယာဉ်လိုင်း(၇)လိုင်းမှ ယာဉ်စီးခ အခမဲ့ဖြင့်ပြေးဆွဲမည်

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာ ညပိုင်းကျင်းပသွားမဲ့ပွဲတွေအတွက် သွားလာရေးလွယ်ကူစေဖို့ YBS ယာဉ်လိုင်း (၇) လိုင်းက ယာဉ်စီးခ အခမဲ့ ပြေးဆွဲပေးသွားမယ်လို့ ရန်ကုန်တို...

ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာ ညပိုင်းကျင်းပသွားမဲ့ပွဲတွေအတွက် သွားလာရေးလွယ်ကူစေဖို့ YBS ယာဉ်လိုင်း (၇) လိုင်းက ယာဉ်စီးခ အခမဲ့ ပြေးဆွဲပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီး ကြပ်မှုကော်မတီ(YRTC) က သိရပါတယ်။အခမဲ့ပြေးဆွဲသွားမဲ့ယာဉ်လိုင်းတွေကတော့ YBS (၇)၊ YBS (၈)၊ YBS (၃၇)၊ YBS (၃၉)၊ YBS (၆၁) ၊ YBS (၆၂) နဲ့ YBS (၁၁၅)တို့ဖြစ်ပြီး ပွဲပြီးဆုံးတဲ့ အချိန်အထိ ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီယာဉ်လိုင်းတွေဟာ ဒီဇင်ဘာ(၃၁)ရက်ကနေ ဇန်နဝါရီ(၄)ရက်အထိ ငါးရက်တိုင်တိုင် ပြေးဆွဲမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်သူ့ရင်ပြင်ကနေ မြို့တွင်းဆူးလေအထိ Mini Bus(၃)စီးကိုလည်း ပြေးဆွဲသွားမှာဖြစ်ပြီး ယာဉ်စီးခကို လည်း အခမဲ့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ပြည်သူ့ရင်ပြင်မှာ New Year Countdown ပွဲတော်နဲ့ လွတ်လပ်ရေး အထိမ်းအမှတ် ဈေးရောင်းပွဲတော်တွေ ကျင်းပသွားမှာဖြစ်ပြီး New Year Countdown ပွဲတော်မှာ နိုင်ငံကျော် ရုပ်ရှင် သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ DJ ပညာရှင်တွေနဲ့အကအဖွဲ့တွေနဲ့ မျိုးဆက်သစ် တေးသံရှင် များစွာတို့က ဖျော်ဖြေ တင်ဆက်ကြမှာဖြစ်ပြီး မီးရှူးမီးပန်း ပစ်ဖောက်တာတွေလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

news-view-count-icon

51