နေပြည်တော်တွင် ဒီဇင်ဘာ ၃၀ရက်က
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၄) ဖြင့် ဆောင်ရွက်ခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်း၍ နွားများ၏ သားအောင်နှုန်းကို လေ့လာဆန်းစစ်ခြင်း၊ အရည်အသွေးအကဲဖြတ်စစ်ဆေးခြင်းနှင့် သားအောင်ရန် လိုအပ်သည်များကို စီမံဆောင်ရွက်ခြင်းဖြင့် နွားမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေခြင်း စီမံကိန်းပြီးမြောက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရေဆင်းတက္ကသိုလ်များနယ်မြေရှိ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၌ ကျင်းပပါတယ်။
အခမ်းအနားတွင် နွားအမများ၏ မျိုးပွားအင်္ဂါလမ်းကြောင်းများကို ခေတ်မီစက်ကိရိယာများဖြင့် စစ်ဆေးသုံးသပ်ခြင်း၊ Ultrasound စက်ကြီးများ၊ Hormone စမ်းသပ်ကိရိယာများ၊ မြိုင်လာမှုအခြေအနေကို စစ်ဆေးသော ကိရိယာများနှင့် မျိုးပွားခြင်းဆိုင်ရာ ကျန်းမာရေးစစ်ဆေးစနစ်များကို အသုံးပြုခြင်းအားဖြင့် နွားများ၏ မျိုးပွားမှုအခြေအနေကို တိကျမှန်ကန်စွာသိရှိနိုင်ပြီး မျိုးပွားချိန်ကို မှန်ကန်စွာရွေးချယ်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ စက်ကိရိယာများဖြင့် စနစ်တကျစစ်ဆေးခြင်းကြောင့် မျိုးမအောင်မှုပြဿနာများ လျော့နည်းစေကာ မျိုးကောင်း၊ မျိုးသန့်၊ မျိုးမြင့် တိရစ္ဆာန်များ တိုးတက်ပွားများလာစေပြီး နိုင်ငံတော်၏ သားငါးထုတ်လုပ်မှု ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးကို အထောက်အကူပြုရာရောက်မည်ဖြစ်ကြောင်း၊ ယခုစီမံကိန်းကာလ ပြီးဆုံးသွားပြီဖြစ်သော်လည်း စီမံကိန်းမှရရှိခဲ့သည့် သုတေသနရလဒ်များကို လက်တွေ့နယ်ပယ်တွင် ဆက်လက်အသုံးချပြီး တစ်နိုင်ငံလုံးက နွားမွေးမြူရေးလုပ်ငန်းရှင်များနှင့် တောင်သူများ၏ ဝင်ငွေတိုးတက်ရေး၊ နွားမျိုးကောင်းမျိုးသန့်များ ပွားများလာစေရန် အားလုံးက ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းသွားကြရန် တိုက်တွန်းပြောကြားသည်။



