back

ရခိုင်ပြည်နယ်လွှတ်တော်အဆောက်အဦးအား အကြီးစားပြုပြင်နေ

Dec 31 • 1:58 AM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်ပြည်နယ်လွှတ်တော်အဆောက်အဦးအား အကြီးစားပြုပြင်နေ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းက စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်လွှတ်တော်အဆောက်အအုံ ပင်မဆောင်၊ အစည်းအဝေးခန်းမနှင့် ရိပ်သာများ အက...

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းက စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်လွှတ်တော်အဆောက်အအုံ ပင်မဆောင်၊ အစည်းအဝေးခန်းမနှင့် ရိပ်သာများ အကြီးစားပြုပြင်နေမှုကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရန် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ဝန်ကြီးချုပ်သည် စစ်တွေမြို့တည် နှစ်(၂၀၀) ပြည့်ပွဲတော်အတွက် ပြုပြင်မွမ်းမံပြီးစီးသွားသည့် နာရီစင်(ဟောင်း) ကိုလည်း သွားရောက်စစ်ဆေးခဲ့ကာ အဆိုပါသမိုင်းဝင်နာရီစင်အား အများပြည်သူနှင့် ကျောင်းသား၊ ကျောင်းသူများ စနစ်တကျ လေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

20