back

ကမ္ဘောဒီးယားကအပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ကိုချိုးဖောက်နေတယ်လို့ ထိုင်း စွပ်စွဲလာ

Dec 30 • 7:57 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယားကအပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ကိုချိုးဖောက်နေတယ်လို့ ထိုင်း စွပ်စွဲလာ

ကမ္ဘောဒီးယားက မိမိတို့ လေပိုင်နက်ထဲသို့ ဒရုန်း အစီးရေ ၂၅၀ မောင်းနှင်ဝင်ရောက်ပြီး အသစ်စက်စက် လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်ခဲ့တယ်လို့ ထို...

ကမ္ဘောဒီးယားက မိမိတို့ လေပိုင်နက်ထဲသို့ ဒရုန်း အစီးရေ ၂၅၀ မောင်းနှင်ဝင်ရောက်ပြီး အသစ်စက်စက် လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ဒီဇင်ဘာ ၂၉ ရက်မှာ စွပ်စွဲထားပါတယ်။အခုလအတွင်း တကျော့ပြန် ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးပြီး စစ်ဘေးရှောင် တစ်သန်းကျော်ရှိလာခဲ့ပြီးနောက် ကမ္ဘောဒီးယားနဲ့ ထိုင်းကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ဒီဇင်ဘာ ၂၇ ရက်မှာ ရရှိခဲ့ပါတယ်။ကမ္ဘောဒီးယားဖက်ခြမ်းက ထွက်ပေါ်လာတဲ့ ဒရုန်း အစီးရေ ၂၅၀ ဟာ ထိုင်း လေပိုက်နက်ထဲသို့ ဒီဇင်ဘာ ၂၈ ရက်ညက ဝင်ရောက်လာခဲ့တယ်လို့ ထိုင်း စစ်တပ်က ပြောပါတယ်။ဒါက ရန်စတဲ့ အပြုအမူ ဖြစ်ပြီး သဘောတူထားတဲ့ တင်းမာမှု လျှော့ချရေး အစီအစဉ်တွေကို ချိုးဖောက်မှု ဖြစ်တယ်လို့ ထိုင်းစစ်တပ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။တကျော့ပြန် ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ နှစ်နိုင်ငံစလုံးရဲ့ နယ်စပ် ပြည်နယ် အားလုံးသို့ ပျံ့နှံ့သွားပြီ ဖြစ်ပါတယ်။နှစ်နိုင်ငံ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က နှစ်နိုင်ငံ ခေါင်းဆောင်တွေကို ချီးကျူးခဲ့ပါတယ်။တရုတ်ကလည်း ထိုင်းနဲ့ကမ္ဘောဒီးယား ခေါင်းဆောင်တွေကို ဖိတ်ခေါ်ပြီး သုံးပွင့်ဆိုင် ဆွေးနွေးခဲ့ပါတယ်။နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီမှုအရ အိမ်နီးချင်းတွေအနေနဲ့ အပစ်အခတ်ရပ်ဖို့ သဘောတူပြီး ထိုင်းက ဇူလိုင်လက ဖမ်းဆီးထားတဲ့ ကမ္ဘောဒီးယား စစ်သား ၁၈ ယောက်ကို ၇၂ နာရီ အတွင်း လွှတ်ပေးရမှာ ဖြစ်ပါတယ်။



news-view-count-icon

16