လာမည့်၂၀၂၆အတွက်တက္ကသိုလ် (၁၃) ခုမှ ကျွမ်းကျင်မှုအတတ်ပညာ (Job - Ready Skills) သင်တန်းဖွင့်လှစ်မည်

Dec 30 • 6:53 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

လာမည့်၂၀၂၆အတွက်တက္ကသိုလ် (၁၃) ခုမှ ကျွမ်းကျင်မှုအတတ်ပညာ (Job - Ready Skills) သင်တန်းဖွင့်လှစ်မည်

လာမည့်၂၀၂၆-၂၀၂၇ပညာသင်နှစ်အတွက်တက္ကသိုလ် (၁၃) ခုမှ ကျွမ်းကျင်မှုအတတ်ပညာ (Job - Ready Skills) သင်တန်းကိုအောက်ပါအတိုင်းဖွင့်လှစ်မည်ဟုထုတ်ပြန်ထားပါတယ်။လာမည့်တက္ကသို...

လာမည့်၂၀၂၆-၂၀၂၇ပညာသင်နှစ်အတွက်တက္ကသိုလ် (၁၃) ခုမှ ကျွမ်းကျင်မှုအတတ်ပညာ (Job - Ready Skills) သင်တန်းကိုအောက်ပါအတိုင်းဖွင့်လှစ်မည်ဟုထုတ်ပြန်ထားပါတယ်။လာမည့်တက္ကသိုလ် (၁၃) ခုမှ ကျွမ်းကျင်မှုအတတ်ပညာ (Job - Ready Skills) သင်တန်းဖွင့်လှစ်မည်


လာမည့်တက္ကသိုလ် (၁၃) ခုမှ ကျွမ်းကျင်မှုအတတ်ပညာ (Job - Ready Skills) သင်တန်းကိုအောက်ပါအတိုင်းဖွင့်လှစ်မည်ဟုထုတ်ပြန်ထားပါတယ်။တက္ကသိုလ် (၁၃) ခုမှ ကျွမ်းကျင်မှုအတတ်ပညာ (Job - Rea dy Skills) သင်တန်းဖွင့်လှစ်မည်


တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သူများအတွက် တက္ကသိုလ် (၁၃) ခုတွင် ကျွမ်းကျင်မှုအတတ်ပညာ (Job - Ready Skills) သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြိတ်တက္ကသိုလ်၊ တောင်ငူတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ကျောက်ဆည်တက္ကသိုလ်၊ မော်လမြိုင်တက္ကသိုလ်၊ မန္တလာတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ ပဲခူးတက္ကသိုလ်နှင့် ဘားအံတက္ကသိုလ်တို့တွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆပ်ပြာအမျိုးမျိုးပြုလုပ်နည်း အခြေခံသင်တန်း၊ ဇီဝမြေ ဩဇာအမျိုးမျိုးပြုလုပ်နည်း အခြေခံသင်တန်း၊ ဒေသတွင်းခရီးသွားလုပ်ငန်း အထောက်အကူပြု အင်္ဂလိပ်စကားပြောအခြေခံသင်တန်း၊ စီးပွားရေးလုပ်ငန်းအတွက် အသုံးချစီး ပွားရေးပညာ၊ ဈေးကွက်စီမံခန့်ခွဲမှု လက်မှတ်ရသင်တန်း၊ စီးပွားရေးလုပ်ငန်းသုံးစာရင်းအင်းပညာလက်မှတ်ရသင်တန်း၊ ဆိုလာစွမ်းအင်သုံးလျှပ်စစ်မီးတပ်ဆင်မှုကျွမ်းကျင်မှုသင်တန်း၊ အခြေခံလူသုံးကုန်ပစ္စည်းများထုတ်လုပ်မှုနည်းပညာသင်တန်း၊ သောက်ရေသန့်ထုတ်လုပ်ခြင်း အတတ်ပညာသင်တန်း၊ AI အခြေခံကွန်ပျူတာသင်တန်းအစရှိသည်တို့ကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားဖြစ်ရမည်ဖြစ်ပြီး အနိမ့်ဆုံး ပညာအရည်အချင်းမှာ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုဖူးသူ/အခြေခံပညာ အထက်တန်းအဆင့်သင်ကြားဖူးသူ၊ ဖြစ်ရမည်ဖြစ်ပြီး အသက်အကန့်အသတ်မရှိကြောင်း သိရသည်။


#announcement

news-view-count-icon

22