2026 Countdown Festival ကို ပြည်သူ့ရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။2026 Yangon New Year Countdown ပွဲတော်နှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဈေးရောင်းပွဲတော်အဖြစ် ဒီဇင်ဘာလ (၃၁) ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၄) ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ 2026 Yangon New Year Countdown ပွဲတော်တွ င် နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ၊ DJ ပညာရှင်များ၊ အကအဖွဲ့များနှင့် မျိုးဆက်သစ်တေးသံရှင်များစွာတို့က ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး မီးရှူးမီးပန်းပစ်ဖောက်ခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။



