ကယားပြည်နယ်၊ကရင်နီသူနာပြုတက္ကသိုလ် Karenni Nursing University (KNU) ကို တက်ရောက် ပြီးမြောက်သွားတဲ့ ကျောင်းသား၊ကျောင်းသူ ၁၈ ဦးကို ယမန်နေ့ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ဘွဲ့အပ်နှင်းတဲ့ အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။အဆိုပါကျောင်းသား၊ ကျောင်းသူတွေဟာ ၂၀၂၂ ခုနှစ်ကတည်းက သူနာပြုဘာသာရပ်ကို လေ့လာခဲ့ကြတာဖြစ်ပြီး ၃ နှစ်အကြာမှာ ဘွဲ့ရရှိခဲ့တာဖြစ်ပါတယ်။ ဘွဲ့ရကျောင်းသား၊ ကျောင်းသူတွေကို ကရင်နီပြည်တွင်းမှာရှိတဲ့ ဆေးရုံဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်နိုင်ဖို့ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ဆေးရုံဆေးခန်း တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းသွားမှာဖြစ်တယ်လို့လည်း ကျောင်းတည်ထောင်သူက ပြောပါတယ်။



