မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနည်းပြချုပ်ဟောင်းဖြစ်သူ တက်ဆူရိုယူကီအား ရန်ကုန်ယူနိုက်တက်အသင်းမှ နည်းစနစ်ဒါရိုက်တာအဖြစ် ၂၀၂၅-၂၆ ရာသီကုန်အထိ ခန့်အပ်လိုက်ပါတယ်။ယူကီဟာ JFA Pro license ကိုင်ဆောင်ထားသောနည်းပြဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနဲ့အတူ ၂၀၂၅ နီပေါဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ ပထမဆု၊ ၂၀၂၅ Asean Womens MSIG Serenity Cup မှာ ဒုတိယဆု၊ ၂၀၂၃ ဆီဂိမ်းပြိုင်ပွဲမှာ ဒုတိယဆုတို့ ရရှိအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။



