၂၀၂၆ နှစ်သစ်ကူးရုံးပိတ်ရက်အဖြစ် ဇန်နဝါရီ ၁ရက်နေ့ ကနေ ဇန်နဝါရီ(၂)ရက်နေ့ထိ ပိတ်မည်အပြင် ကြားရက်ဖြစ်သည့် ဇန်နဝါရီ(၃)ရက်နေ့ကိုလည်း အစားထိုးရုံးတက်ရက်အဖြစ် ပြင်ဆင်သတ်မှတ်ပြီး လွတ်လပ်ရေးနေ့ (ဇန်နဝါရီ ၄ ) ရက်အထိ တဆက်တည်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရသည်။၂၀၂၆ ခုနှစ် ဇန်နဝါရီ (၃) ရက်နေ့ စနေနေ့ သည် နိုင်ငံတကာနှစ်သစ်ကူးရုံးပိတ်ရက်များနှင့် လွတ်လပ်ရေးနေ့ ရုံးပိတ်ရက်တို့အကြား ကြားရက်ဖြစ်နေခြင်းခြင်း အစားထိုးရုံးတက်ရက်အဖြစ် ဇန်နဝါရီ (၃) ရက်နေ့အစား ဇန်နဝါရီ (၁၀) ရက်နေ့ကို ပြင်ဆင်သတ်မှတ်လိုက်ကြောင်း သိရသည်။ဇန်နဝါရီ (၃) ရက်နေ့သည့် နိုင်ငံတကာ နှစ်သစ်ကူးရုံးပိတ်ရက်ကာလနှင့် တဆက်တည်းဖြစ်နေခြင်းနှင့် လွတ်လပ်ရေးနေ့အကြိုရက်ဖြစ်နေခြင်းကြောင့် ရုံးတက်ရက်ကို အစားထိုးပြင်ဆင်သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။



