ယာဉ်စီးခကတ် YPS (Yangon Payment Services) ဖြင့် ကားဂိတ်ဆုံးထိ စီးနင်းသောခရီးသည်များကို YBS ယာဉ်လိုင်းအချိုက ပတ်စီးများအဖြစ် ကတ်နှစ်ကြိမ်ဖြစ်ခိုင်းလာမှုများရှိနေကြောင်း ကိုယ်တိုင်ကြုံသူများထံမှ သိရသည်။ယာဉ်စီးခကတ်ကို နှစ်ကြိမ်ဖြတ်ခိုင်းသော ယာဉ်လိုင်းမှာ ယာဥ်စီးခ(Distance Fare) စနစ်အဖြစ်အသုံးပြုသောအတက်ပေါက်ဝအနီး၌ စက်တစ်လုံးသာတပ်ထားသည့်ယာဉ်လိုင်းများတွင်ဖြစ်ပြီး တစ်ကြိမ်ဖြတ်ပြီးသည့်နောက် ချက်ချင်းနောက်တစ်ကြိမ်ဖြတ်ခိုင်းခြင်းဖြစ်ကြောင်း သိရသည်။ ပုံမှန်အားဖြင့် ယာဉ်စီးခမှာ ခရီးသည်တစ်ဦးလျှင် ငွေသားဖြင့် ၄၀၀ ကျပ်သတ်မှတ်ထားပြီး ကတ်ဖြင့် ၃၅၀ ကျပ်၊ ယာဉ်လိုင်း အချို့တွင် ၃၀၀ ကျပ်၊ မြို့တွင်းခရုပတ်လိုင်းများတွင် ၁၅၀ ကျပ် သတ်မှတ်ထားလျက်ရှိသည်။ ပုံသေယာဥ်စီးခ(Flat Fare) စနစ်အဖြစ်အသုံးပြုသော ယာဉ်လိုင်းများတွင် ယခုလိုနှစ်ကြိမ်ကတ်ဖြတ်ခိုင်းခြင်းကြောင့်လည်း ပုံမှန် ၃၅၀ ကျပ်ကျသင့်မှုကို ၇၀၀ ကျပ်ကျသင့်ခဲ့ခြင်းလည်းဖြစ်ကြောင်း သိရသည်။



