ကမ္ဘောဒီးယားနိုင်ငံက ဒရုန်းအစီးရေ ၂၅၀ ကျော် အသုံးပြု၍ ပိုင်နက်အတွင်းသို့ ပျံသန်းကာနောက်ဆုံး ရေးထိုးထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြောင်း ထိုင်းစစ်တပ်က ဒီဇင်ဘာ ၂၉ ရက် တွင် စွပ်စွဲလိုက်သည်။ ဒီဇင်ဘာ ၂၈ ရက်ညပိုင်းက "ကမ္ဘောဒီးယားဘက်မှ ပျံသန်းလာသော လူမဲ့လေယာဉ် (UAV) ၂၅၀ ကျော်သည် ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာပိုင် နယ်နိမိတ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည်ကို တွေ့ရှိခဲ့ရကြောင်း" ထိုင်းစစ်တပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



