Leapmotor သည် လာမည့်ဆယ်နှစ်အတွင်း တစ်နှစ်လျှင် ကားအစီးရေ ၄ သန်းကျော် ရောင်းချရန် မျှော်လင့်ထားကြောင်း စီအီးအို Zhu Jiangming က တနင်္လာနေ့ (ဒီဇင်ဘာ ၂၉) တွင် ပြောကြားခဲ့သည်။ Leapmotor သည် ဉျရာပ ကားလုပ်ငန်းစုကြီး Stellantis နှင့် ပူးပေါင်း၍ ကမ္ဘာလုံးဆိုင်ရာ ချဲ့ထွင်ရေး မဟာဗျူဟာဖြင့် ၂၀၂၆ ခုနှစ်တွင် ကားအစီးရေ ၁ သန်း ရောင်းချရန် ရည်ရွယ်ထားကြောင်း ကုမ္ပဏီအခြေစိုက်ရာ Hangzhou တွင် Zhu က ပြောကြားခဲ့သည်။ ကုမ္ပဏီသည် ယွမ် ၂၅၀,၀၀၀ (ဒေါ်လာ ၃၄,၃၀၀) အထက် ဈေးနှုန်းရှိသော ပရီမီယံကားများကိုလည်း စတင်ရောင်းချမည်ဟု ၎င်းက ပြောကြားခဲ့သည်။



