၂၅/၁၂/၂၀၂၅ ည ၈:၃၀ အချိန် နစ်နာသူအမျိုးသမီး ၂၁နှစ် သည် အဒေါ် ၂ ဦးနှင့် အတူ ဆိုင်ကယ်တစ်စီး ၃ ယောက်စီးကာ တပ်ကုန်း မှစီတာပူ ရပ်ကွက်ရှိ အမျိုးအိမ်ဆုတောင်းကူရာမှ အပြန် ဂျပန်တံတားထိပ် ဇေယျာမင်းဆီဆိုင်အရောက်တွင် မတ်စ်တပ်ထားပြီး သေနတ် တစ်လက်လွယ်ထားသောလူခြောက်ဦးမှ တားသဖြင့်
ရပ်တန့်ပေးခဲ့သည်။ အဒေါ်နှစ်ဦးအား နွားသတ်ရုံဘက် ဘက်သွားထိုင်ခိုင်းကာ
မိန်းကလေးအား ခေါ်ယူချိန်းခြောက်နေစဉ် ကားတစ်စီး ဖြတ်အလာ ထိုကားကို တားခဲ့ကြသည်။ ချက်ချင်းကားမရပ်ပေးသောကြောင့်
သေနတ်တစ်ချက်ဖေါက်ကာ ကားပေါ်မှ ပိုင်ရှင်ကို ဆွဲချ ရိုက်နက်ပြီး မိန်းကလေးအား ကားပေါ် အတင်းဆွဲတင်ကြသည်။ အဒေါ်ဖြစ်သူတို့၂ ဦး ကိုမူ ဆိုင်ကယ်ဖြင့် ခေါ်တင်လာကာ လူကွယ်ရာအရောက်တွင် ဖုန်း ရွေလက်စွပ် များ လုယူကာ ခြုံပုတ်တွင်ပစ်ချထားခဲ့ကြသည်။မိန်းကလေးကိုမူ လူခြောက်ဦးမှ ဝိုင်းဝန်းရိုက်နှက်၍ အတင်းအဓမ္မ မုဒိမ်းပြုကျင့်မှုဖြစ်ခဲ့ပြီး တပ်ကုန်းရပ်ကွက် အမိုက်ပုံဘေးတွင် ပစ်ထားခဲ့ကြသည်။ နစ်နာသူမိန်းကလေးသည် စိတ်ဒဏ်ရာ အကြီးအကျယ်ရရှိနေကာ တွေ့သမျှယောက်ျားများကို ကြောက်ရွံ့ခြင်း၊ စကားပြောရင်း တုန်ရီနေခြင်း၊ အထိန့်တလန့်ဖြစ်ခြင်း၊ အချိန်ပြည့် မျက်ရည်ဝဲခြင်း စသည့် လက္ခဏာများ ခံစားနေရသည်ကို တွေ့ရသည်။ နစ်နာသူမိန်းကလေး၏ ပြောကြားချက်အရ လုယူခံရသော ကား၏ ပိုင်ရှင်မှာ လူလတ်ပိုင်းဖြစ်ပြီး အပြင်းအထန် ဝိုင်းဝန်းရိုက်နှက်ကြသည်ဟု သိရသည်။ ကားပိုင်ရှင်များဘက်ကလည်း ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားထားကြောင်းသိရသည်။



