back

ထိုင်းရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၅၂ ခု ဝန်ကြီးချုပ်လောင်းနှင့် ပါတီအလိုက် အမတ်လောင်းစာရင်းများ တင်သွင်း

Dec 29 • 5:56 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၅၂ ခု ဝန်ကြီးချုပ်လောင်းနှင့် ပါတီအလိုက် အမတ်လောင်းစာရင်းများ တင်သွင်း

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်တွင် ကျင်းပမည့် ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၅၂ ခုသည် ဒီဇင်ဘာလ ၂၈ ရက်က ဘန်ကောက်ရှိ Government Complex တွင...

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်တွင် ကျင်းပမည့် ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၅၂ ခုသည် ဒီဇင်ဘာလ ၂၈ ရက်က ဘန်ကောက်ရှိ Government Complex တွင် ဝန်ကြီးချုပ်လောင်းနှင့် ပါတီအလိုက် အချိုးကျကိုယ်စားလှယ် (Party-lists) စာရင်းများကို လာရောက်ပေးသွင်းခဲ့ကြသည်။ ယခုနှစ်တွင် ယခင် ၂၀၂၃ ရွေးကောက်ပွဲထက် ပါတီအရေအတွက် ပိုမိုများပြားလာပြီး အဓိကပါတီကြီးများဖြစ်သည့် Bhumjaithai ပါတီက ဝန်ကြီးချုပ် အနူတင်နှင့် နိုင်ငံခြားရေးဝန်ကြီး ရှီဟာဆာတို့ကို ဝန်ကြီးချုပ်လောင်းအဖြစ် တင်သွင်းထားကာ People’s Party ကလည်း ခေါင်းဆောင် နာထာဖုန်းအပါအဝင် ဝန်ကြီးချုပ်လောင်း ၃ ဦးအထိ တင်သွင်းထားသည်။

news-view-count-icon

26