မအူပင်မြို့နယ်၊ ခွာလေးကျွန်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

Dec 29 • 5:54 AM

breaking-news

မြန်မာ

ရန်ကုန်

cover

မအူပင်မြို့နယ်၊ ခွာလေးကျွန်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ပန်းပင်စုကျေးရွာအုပ်စု၊ ခွာလေးကျွန်းကျေးရွာတွင် ယနေ့ ဒီဇင်ဘာလ ၂၉ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က မီးလောင်မှုတစ်ရပ် ဖြစ်ပွား...

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ပန်းပင်စုကျေးရွာအုပ်စု၊ ခွာလေးကျွန်းကျေးရွာတွင် ယနေ့ ဒီဇင်ဘာလ ၂၉ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုအား မအူပင်မြို့နယ်မီးသတ်စခန်းနှင့် ရေလဲကလေးနယ်မြေမီးသတ်စခန်းတို့မှ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။

news-view-count-icon

15