back

ဂျပန်ရောက် မြန်မာလုပ်သားတစ်ဦး ရထားရှေ့ခုန်ချသတ်သေ၊ ကျန်ရစ်သူမိသားစု လျော်ကြေးတောင်းခံရနိုင်သည့် အခြေအနေရှိ

Dec 29 • 3:36 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဂျပန်ရောက် မြန်မာလုပ်သားတစ်ဦး ရထားရှေ့ခုန်ချသတ်သေ၊ ကျန်ရစ်သူမိသားစု လျော်ကြေးတောင်းခံရနိုင်သည့် အခြေအနေရှိ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ Akishima ရထားဘူတာတွင် ဒီဇင်ဘာလ ၂၄ ရက်က အသက် ၃၂ နှစ်အရွယ် မြန်မာလုပ်သား ကိုသက်အောင်ကိုသည် ရထားလာနေစဉ် ရှေ့သို့ခုန်ချကာ ကိုယ့်ကိုယ်ကိုယ...

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ Akishima ရထားဘူတာတွင် ဒီဇင်ဘာလ ၂၄ ရက်က အသက် ၃၂ နှစ်အရွယ် မြန်မာလုပ်သား ကိုသက်အောင်ကိုသည် ရထားလာနေစဉ် ရှေ့သို့ခုန်ချကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း သိရသည်။ သေဆုံးသူသည် လုပ်ငန်းခွင်အတွင်း အိပ်ရေးပျက်မှုများကြောင့် စိတ်ကျန်းမာရေးထိခိုက်ကာ အလုပ်မှ တစ်ပတ်ခန့် အနားယူနေစဉ် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ရုပ်အလောင်းကို ဒီဇင်ဘာလ ၂၈ ရက်တွင် မီးသင်္ဂြိုဟ်ပြီးစီးခဲ့သည်။ ဂျပန်နိုင်ငံ၏ ထုံးစံအရ ယခုကဲ့သို့သော ဖြစ်စဉ်မျိုးတွင် ရထားနောက်ကျမှုနှင့် ပျက်စီးဆုံးရှုံးမှုများအတွက် ရထားလိုင်းဘက်မှ လျော်ကြေးငွေ အမြောက်အမြားကို ကျန်ရစ်သူမိသားစုထံ တောင်းခံလေ့ရှိရာ၊ မြန်မာနိုင်ငံသား အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FWUBC) အနေဖြင့် လျော်ကြေးကိစ္စ ပေါ်ပေါက်လာပါက ညှိနှိုင်းဆောင်ရွက်ပေးရန် ပြင်ဆင်နေကြောင်း သိရသည်။

news-view-count-icon

52