မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ခရိုင်မီးသတ်ဦးစီးမှူး ဦးသန်းထက်အောင်၏ကြီးကြပ်မှုဖြင့်မြို့နယ်မီးသတ် ဦးစီးမှူး ဦးဇော်ရဲနိုင်ဦးဆောင်သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များ သို့ အသံချဲ့စက်ဖြင့်လှည့်လည်၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ဂန့်ဂေါမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် အများပြည်သူများ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို မြို့ပေါ်ရပ်ကွက်များသို့ အပတ်စဉ် စနေနေ့တိုင်း လှည့်လည်ဆော်ဩခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



