ထိုင်းနိုင်ငံသားများစွာဆီမှ ငွေလိမ်ခဲ့သူ ထိုင်းဂျက်မားကို သမိုင်းတွင် ထောင်ဒဏ် နှစ် ၁,၀၀၀ ကျော်ချ

Dec 29 • 3:06 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံသားများစွာဆီမှ ငွေလိမ်ခဲ့သူ ထိုင်းဂျက်မားကို သမိုင်းတွင် ထောင်ဒဏ် နှစ် ၁,၀၀၀ ကျော်ချ

ထိုင်းဂျက်မားဟု ခေါ်ဆိုစေသော ထိုင်းဘီလျံနာ စီးပွားရေးလုပ်ငန်းရှင်ကြီး ပရာဆစ်ဂျီရော်ကုတ်ကို ထိုင်းရာဇဝတ်တရားရုံးမှ ပြည်သူများစွာထံမှ ငွေကြေးများစွာ လိမ်လည်ခဲ့မှု...

ထိုင်းဂျက်မားဟု ခေါ်ဆိုစေသော ထိုင်းဘီလျံနာ စီးပွားရေးလုပ်ငန်းရှင်ကြီး ပရာဆစ်ဂျီရော်ကုတ်ကို ထိုင်းရာဇဝတ်တရားရုံးမှ ပြည်သူများစွာထံမှ ငွေကြေးများစွာ လိမ်လည်ခဲ့မှု ကြောင့် သမိုင်းတွင် ပြစ်ဒဏ်ဖြစ်သော ထောင်ဒဏ် နှစ်ပေါင်း ၁,၂၁၀ ချမှတ်လိုက်ပြီဖြစ်သည်။ထိုင်းစစ်တပ်နှင့် အလွန်နီးစပ်သည့်အပြင် ထိုင်းတော်ဝင်ဘုရင်မိသားစုနှင့်ပါ ပတ်သက်သူဟု သိရသော ပရာဆစ်သည် ကနဦး ပြည်ပခရီးသွားလုပ်ငန်းဖြင့် အောင်မြင်ချမ်းသာလာခဲ့ရာမှ နောက်ပိုင်း အွန်လိုင်း စီးပွားရေးလုပ်ငန်းများတိုးချဲ့ရာတွင် တရားမဝင် ငွေချေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ ကမ္ဘာကျော် ဇိမ်ခံ အသုံးအဆောင်များအား ဝယ်ယူစေပြီး ပြန်ရောင်းသည့်လုပ်ငန်း၌ တစ်နှစ် အမြတ် ၄၀ မှ ၅၀ ရာခိုင်နှုန်းအထိ ရစေမည်ဟု အာမခံကာ ရင်းနှီးမြှုပ်နှံသူများကို မက်လုံးပေးဆွဲဆောင်ကာ လိမ်လည် ရယူသည့် လုပ်ငန်းများပါ လုပ်ဆောင်ရာမှ ဘီလီယံချီ လိမ်လည်သွားခဲ့သူဖြစ်သည်။ ယခုနောက်ဆုံး စွဲချက်များမှ စီရင်ချက်ထုတ်ရာတွင်လည်း တစ်မှုအတွက် ထောင်ဒဏ် ၅ နှစ်ဖြင့် စွဲချက် ၂၄၂ ခုအတွက် စုစုပေါင်း ထောင်ဒဏ် ၁,၂၁၀ နှစ် ထပ်ချခဲ့သလို ၎င်းနှင့်အတူ ကြံရာပါ ကုမ္ပဏီများကို လည်း ဒဏ်ငွေ ဘတ် ၁၂၁ ချမှတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် အမှုတွင် ပူးပေါင်းပါဝင်သည်ဟုဆိုကာ ထိုပြစ်ဒဏ်အား ပြန်လျှော့ပေးပြီး ထောင်ဒဏ် ၈၀၆ နှစ်နှင့် ၈ လ၊ ဒဏ်ငွေ ဘတ်သန်း ၈၀ ပေးဆောင် ရန်ပြင်ဆင်သတ်မှတ်ခဲ့သည်။

news-view-count-icon

37