အာဂျင်တီးနားဂန္ထဝင်ကစားသမား လီယိုနယ်မက်ဆီ ပါဝင်မည့် အင်တာမိုင်ယာမီအသင်းသည် လာမည့် ၂၀၂၆ ခုနှစ် မေဂျာလိဂ် (MLS) ရာသီသစ်အတွက် ပြင်ဆင်မှုအဖြစ် ဇန်နဝါရီလအတွင်း တောင်အမေရိကတိုက်ရှိ ပီရူး၊ ကိုလံဘီယာနှင့် အက်ကွေဒေါနိုင်ငံများသို့ သွားရောက်ကာ ခြေစမ်းပွဲ ၃ ပွဲ ကစားမည်ဖြစ်ကြောင်း မနေ့ညပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။ အင်တာမိုင်ယာမီအသင်းသည် ဇန်နဝါရီ ၂၄ ရက်တွင် ပီရူးကလပ်အသင်းနှင့်လည်းကောင်း၊ ဇန်နဝါရီ ၃၁ ရက်တွင် ကိုလံဘီယာ၌ ဒုတိယခြေစမ်းပွဲအဖြစ်လည်းကောင်း၊ ဖေဖော်ဝါရီ ၇ ရက်တွင် အက်ကွေဒေါထိပ်သီးကလပ် ဘာစီလိုနာ ဒီ ဂွာယာကွေးလ်အသင်းနှင့်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး၊ မေဂျာလိဂ်ရာသီသစ်ကိုမူ ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း သိရသည်။
Dec 29 • 2:22 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 26 | 0 | 0 | 0 |


