၂၀၂၆ ခုနှစ် နှစ်သစ်ကူး Countdown ပွဲတော်နီးကပ်လာသည်နှင့်အမျှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Makro, Lotus, Big C နှင့် Go Wholesale ကဲ့သို့သော ကုန်တိုက်ကြီးများတွင် ကြိုတင်ပြင်ဆင်စျေးဝယ်သူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိပြီး၊ မြို့ခံလူဦးရေ၏ ၂၀ ရာခိုင်နှုန်းခန့်မှာ နေရပ်ပြန်ခြင်းနှင့် အပန်းဖြေခရီးထွက်ခွာကြသဖြင့် လေဆိပ်များ၊ ကားဂိတ်များနှင့် မြို့အထွက်လမ်းမကြီးများတွင် လူနှင့်ယာဉ်များ ပြည့်နှက်နေကြောင်း သိရသည်။ ဘန်ကောက်မြို့လယ်ရှိ ဟိုတယ်များမှာ အခန်းငှားရမ်းရန် ခက်ခဲသည်အထိ ပြည့်နှက်နေပြီး Icon Siam နှင့် Central World ကဲ့သို့သော Countdown ပွဲများကျင်းပမည့်နေရာများတွင်လည်း ကြိုတင် Booking ယူသူများပြားလျက်ရှိကာ၊ ယခုနှစ် နှစ်သစ်ကူးကာလအတွင်း ထိုင်းနိုင်ငံ၏ ငွေကြေးသုံးစွဲမှုမှာ ဘတ် ၁၁၁.၆ ဘီလီယံအထိ ရှိလာနိုင်ပြီး ပြည်တွင်းခရီးသွားလုပ်ငန်းမှ ဝင်ငွေ ဘတ် ၇၆.၅ ဘီလီယံ ရရှိရန် ခန့်မှန်းထားသည်။


