ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသော ကျောင်းကြို/ပို့ယာဉ်အချို့သည် လမ်းပြောင်းပြန်မောင်းနှင်ခြင်းနှင့် ယာဉ်စည်းကမ်းချိုးဖောက်ခြင်းများကို မဆင်မခြင်ပြုလုပ်လာကြသဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် ယာဉ်အန္တရာယ်ဖြစ်ပေါ်လာနိုင်သည့်အပေါ် မြို့ခံများက စိုးရိမ်ပူပန်လျက်ရှိကြောင်း ဒီဇင်ဘာလ ၂၈ ရက်တွင် သိရသည်။ ပြည်လမ်းမပေါ်ရှိ အေဒီမီးပွိုင့်တွင် ကျောင်းကြို/ပို့ Super Custom ယာဉ်တစ်စီး လမ်းပြောင်းပြန်မောင်းနှင်ခဲ့သည့် ဖြစ်စဉ်အပါအဝင် ယာဉ်ကိုယ်ထည်ဆေးအဝါရောင် ပြောင်းလဲထားခြင်းမရှိသည့် ယာဉ်များလည်း ရှိနေပြီး၊ ယာဉ်ကြောပိတ်ဆို့မှု ကြာမြင့်ခြင်းများကြောင့် ယခုကဲ့သို့ စည်းကမ်းမဲ့မောင်းနှင်မှုများ ပိုမိုများပြားလာခြင်း ဖြစ်သည်။ အခြေခံပညာကျောင်းများတွင်လည်း မြို့နယ်ကျော်တက်ရောက်မှုကို ကန့်သတ်သည့် Catchment Area စနစ်နှင့် ကျောင်းကားများကို အဝါရောင်တပြေးညီဖြစ်စေရန် သတ်မှတ်ချက်များရှိခဲ့သော်လည်း လက်ရှိတွင် စည်းကမ်းလိုက်နာမှု အားနည်းလာနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
Dec 29 • 2:15 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 48 | 0 | 0 | 0 |


