ကယားပြည်နယ်၊ဖရူဆို အရှေ့ဘက်ခြမ်း ကျေးရွာတွေမှာ ကယားရိုးရာအရ ဒရာစိခူ (ခေါ်) မကောင်းဆိုးဝါး တားဆီးခြင်းပြုလုပ်

Dec 29 • 1:38 AM

breaking-news

မြန်မာ

ကယား

cover

ကယားပြည်နယ်၊ဖရူဆို အရှေ့ဘက်ခြမ်း ကျေးရွာတွေမှာ ကယားရိုးရာအရ ဒရာစိခူ (ခေါ်) မကောင်းဆိုးဝါး တားဆီးခြင်းပြုလုပ်

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာတွေမှာ ကယားရိုးရာအခေါ်အရ ဒရာစိခူ (ခေါ်) မကောင်းဆိုးဝါးနှင်ထုတ်ခြင်း၊ တားစီးခြင်းကို ယခုတစ်ပတ်မှာ ပြုလုပ်ခဲ့က...

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာတွေမှာ ကယားရိုးရာအခေါ်အရ ဒရာစိခူ (ခေါ်) မကောင်းဆိုးဝါးနှင်ထုတ်ခြင်း၊ တားစီးခြင်းကို ယခုတစ်ပတ်မှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။"ဒရာစိခူ"ပြုလုပ်ခြင်းဟာ ကယားရိုးရာ ဓလေ့တစ်ခုဖြစ်ပြီး ကျေးရွာရဲ့ အဝင်၊အထွက်လမ်းတွေမှာ ပြုလုပ်ကာ ရွာလုံးကျွတ် (ရွာပြင်) အပြင်မထွက်တာ၊ အလုပ်မလုပ်တာတွေအပြင် ရိုးရာအရ ရှောင်ကြဥ်ရတာတွေကို လုပ်ဆောင်ကြပါတယ်။ ပြုလုပ်ရာမှာလည်း ကိုးကွယ်တဲ့ နတ်တွေကို ကြက်ဖြင့် ပူဇော်ပသတာတွေလည်းပြုလုပ်ကြပါတယ်။ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်း ကျေးရွာ (၁၀) ရွာနဲ့ အထက်ဟာ နှစ်စဥ် "ဒရာစိခူ" ပြုလုပ်ကြပေမယ့် ကျေးရွာတစ်ရွာနဲ့ တစ်ရွာ ပြုလုပ်ကြတဲ့ ရက်၊ လတွေ မတူကြဘူးလို့ ဆိုပါတယ်။ယခုလို "ဒရာစိခူ"ပြုလုပ်တာမျိုးက ကျေးရွာအတွက် နိမိတ်လက္ခဏာဖတ်ပေးခြင်းနဲ့ တိုင်းပြည်ရဲ့ အခြေအနေမှန်ကို မေးမြန်းခြင်းစတာတွေလည်း ပြုလုပ်ကြပါတယ်။ ဖရူဆို အရှေ့ဘက်ခြမ်းရှိ ကျေးရွာအများစုရဲ့ "ဒရာစိခူ" (ခေါ်) မကောင်းဆိုးဝါး နှင်ထုတ်ခြင်းကိုတော့ နှစ်တစ်နှစ်ရဲ့ နှစ်မကုန်ခင်မှာပဲ အများအားဖြင့် ပြုလုပ်ကြတာဖြစ်ပါတယ်။

news-view-count-icon

24